
AIA REGIONAL HEALTH PASSPORT အကြောင်း
REGIONAL HEALTH PASSPORT ဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး အချက်အချာကျသော နိုင်ငံများရှိ ဆေးရုံများနှင့်ကွန်ရက်ချိတ်ဆက်ပြီး အကောင်းဆုံးကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကို အဆင်ပြေချောမွေ့စွာ ငွေသားမလို ရယူနိုင်မယ့် AIA ရဲ့သီးသန့်ထပ်တိုးဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
REGIONAL HEALTH PASSPORT ၏ အဓိကဝန်ဆောင်မှုများ
နိုင်ငံရပ်ခြားတွင် ဆေးကုသမှုခံယူရန် ပိုမိုလွယ်ကူစွာ စီမံနိုင်ခြင်းနှင့် လိုအပ်သည့် ကုသမှုအလျောက် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း နိုင်ငံရပ်ခြားတွင် ငွေသားမလို ဆေးကုသမှု ခံယူနိုင်ခြင်း AIA Myanmar နှင့် ချိတ်ဆက်ထားသော နိုင်ငံရပ်ခြားဆေးရုံများမှ ကျန်းမာရေးဝန်ဆောင်မှု အကျိုးခံစားခွင့်ကို အကောင်းဆုံးနှုန်းထားနှင့် ရယူနိုင်ခြင်း
ဤဝန်ဆောင်မှုကို ကျန်းမာရေးအလုံးစုံအာမခံပေါ်လစီ (တစ်ဦးချင်းနှင့် အဖွဲ့လိုက်) ဝယ်ယူထားသော Member များသာ ရယူနိုင်ပါတယ်။AIA Member များအနေနဲ့ သျှား ရဲ့ hotline နံပါတ် +959 944 705 440 သို့မဟုတ် sher@aia.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကြိုတင်ခွင့်ပြုချက်ဖြင့် ငွေသားမလို ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်သော နိုင်ငံများ

ဆေးကုသမှုစတင်ခံယူရန် ရွေးချယ်ထားသောနေ့ရက်ကို အောက်ပါအတိုင်း သျှား ထံသို့ ကြိုတင်အကြောင်းကြားရန်လိုအပ်ပါတယ်။
ထိုင်း၊ စင်ကာပူ၊ မလေးရှား နှင့် ဟောင်ကောင်တွင် ဆေးကုသမှုခံယူလိုပါက (၇) ရက် ကြိုတင် အကြောင်းကြားရန် အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ တရုတ်ပြည်မကြီး၊ ဩစတြေးလျ နဲ့ နယူးဇီလန် တွင် ဆေးကုသမှုခံယူလိုပါက (၁၄) ရက် ကြိုတင်အကြောင်းကြားရန် (အထက်ပါ နိုင်ငံ/ဒေသ ကို နှိပ်ပြီး တက်ရောက်နိုင်မဲ့ ဆေးရုံစာရင်းများကို ကြည့်ရှုနိုင်ပါတယ်။ အမေရိကန်ရှိ တက်ရောက်ကုသနိုင်မဲ့ ဆေးရုံစာရင်းများကို သျှား ရဲ့ hotline နံပါတ် +959 944 705 440 သို့မဟုတ် sher@aia.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။)
ပြင်ပလူနာဌာနတွင် ဆေးကုသရန် ရက်ချိန်းရယူပေးသောဝန်ဆောင်မှုကို အောက်ဖော်ပြပါ နိုင်ငံများတွင်သာ ရယူနိုင်မှာ ဖြစ်ပါတယ်။
- ထိုင်း
- မလေးရှား
- စင်ကာပူ
- ဟောင်ကောင်
AIA REGIONAL HEALTH PASSPORT ၏ လုပ်ဆောင်မှုအဆင့်ဆင့်
MEMBER မှ သျှားရဲ့ HOTLINE နံပါတ် +95-9 944 705 440 သို့မဟုတ် SHER@AIA.COM သို့ ဆက်သွယ်၍ အကျုံးဝင်မှု ရှိမရှိ မေးမြန်းခြင်း
↓
သျှား မှ အကျုံးဝင်မှုကို စစ်ဆေးပြီး REGIONAL HEALTH PASSPORT လုပ်ငန်းစဉ်ကို MEMBER များထံ ရှင်းပြခြင်း
↓
သျှား မှ MEMBER ထံသို့ ကြိုတင်ခွင့်ပြုချက်လျှောက်လွှာ ၁ {PRE-AUTHORIZATION FORM 1 (PAF-1)} ဖောင်ဖြည့်သွင်းရန်နှင့် ဆေးကုသမှုမှတ်တမ်းများကို မျှဝေရန် အီးမေးလ်ပို့ခြင်း
↓
MEMBER မှ ဆေးကုသမှုမှတ်တမ်းများနှင့် လက်မှတ်ထိုးထားသော PAF-1 ဖောင်ကို MM.AIAREGIONALPASSPORT@AIA.COM သို့ အီးမေးလ်ပို့ခြင်း
↓
AIA MYANMAR က နိုင်ငံရပ်ခြားရှိ ဆေးရုံ၊ ပြင်ပလူနာ အထူးကုဌာနနှင့် ချိတ်ဆက်ပြီး LETTER OF GUARANTEE (OPD LOG) ကို MEMBER အား ထုတ်ပေးခြင်း
↓
MEMBER သည် ပြင်ပလူနာအဖြစ် ကုသမှု ရရှိခြင်း
↓
AIA MYANMAR မှ နိုင်ငံရပ်ခြားတွင် ဆေးရုံတက်ရန် ကနဦးလိုအပ်သည့် INITIAL LETTER OF GUARANTEE (I-LOG) ကို ထုတ်ပေးခြင်း
↓
MEMBER သည် အတွင်းလူနာအဖြစ် ကုသမှု ရရှိခြင်း
ပေးဆောင်ရန် နှုန်းထားများ
-
ဆေးရုံဆင်းပါက အကျိုးခံစားခွင့်တွင် အကျုံးမဝင်သော ကုန်ကျစရိတ်များနှင့် အကျိုးခံစားခွင့် ပမာဏ ကန့်သတ်ချက်ထက်ကျော်လွန်သည့် ကုသစရိတ်ကို Member မှပေးချေရန် တာဝန်ရှိပါတယ်။
-
ထိုင်း၊ စင်ကာပူ၊ မလေးရှား သို့မဟုတ် ဟောင်ကောင်ရှိ AIA နှင့် ချိတ်ဆက်ထားသော ဆေးရုံများမှလွဲ၍ အခြားနိုင်ငံများတွင်ကုသမှုခံယူလိုပါက ဝန်ဆောင်မှုစရိတ် ထပ်ဆောင်းကျသင့်ငွေပေးချေရမှာဖြစ်ပါတယ်။ သျှားထံ ဆက်သွယ်ပြီး ငွေပေးချေမှုဆိုင်ရာ အသေးစိတ်ကို မေးမြန်းနိုင်ပါတယ်။
-
Letter of Guarantee (LOG) ထုတ်ထားပေးပြီးသော်လည်း ဆေးကုသမှုခံယူမည့် သက်ဆိုင်ရာဆေးရုံများ၏ မူဝါဒအရ ဆေးရုံမတက်ခင် Member ထံမှ ကြိုတင်စပေါ်ငွေတောင်းခံခြင်း ရှိနိုင်ပါတယ်။ စပေါ်ငွေကို အကျိုးခံစားခွင့်တွင် အကျုံးမဝင်သော ကုန်ကျစရိတ်များနှင့် မမျှော်လင့်ထားသော ကုန်ကျစရိတ်များရှိလာပါက ပေးချေရန် အသုံးပြုနိုင်ပါတယ်။ အဆိုပါ စပေါ်ငွေကို Member မှ ဆေးရုံသို့ပေးအပ်ရန် တာဝန်ရှိပါတယ်။